Monday, February 6, 2012

ကိုးဆယ်ဆသာလိမ့်မယ် (ရွှေစာရံဘုရားမှ စခဲ့သောဇာတ်လမ်းတစ်ပုဒ်)

အစတော့ ချစ်ကြကြိုက်ကြ တောသူမနဲ့
နောက်တော့ ကွဲကြပြဲကြ ဒုက္ခတွေနဲ့
ရင်နာဖွယ်ဇာတ်လမ်းတစ်ပုဒ်
မြို့ကြီးသားနဲ့ တောသူမအချစ်ကစခဲ့တဲ့
ဒီဇာတ်လမ်းတစ်ပုဒ်
ခံစားရလွန်းပါတယ်။
တောသူမကြီး အမေကို မမေ့နဲ့တဲ့
မှာလိုက်တဲ့စကားလေး။
မြို့ရနံ့တွေရှုရတော့
မေ့သွားပြီပေါ့။
အော်..ဒီဇာတ်လမ်း….
အချစ်ဆိုတာ
ဂုဏ်ဓနရဲ့သားကောင်လား
အချစ်ဆိုတာ
အဆင့်အတန်းတွေရဲ့ ဓားစာခံလား။
မိခင်မေတ္တာမှာတော့
ဂုဏ်ဓနပကာသနတွေဟာ
မြူမျှပင်မရှိပါတကား။
   (ကိုးဆယ်ဆသာလိမ့်မယ် ရုပ်ရှင်ဇာတ်လမ်းကို ခံစားတင်ပြသည်)  ကိုသာ.ထီလာမောင်

No comments:

Post a Comment