Saturday, February 25, 2012

စုန်းမ



မင်းရယ်……
နေနှစ်စင်းရဲ့ အလင်းကြားမှာ
ဆာလောင်မွတ်သိပ်ခြင်း နှင်းခဲတွေ
စိစိညက်ကြွေမွသွားပါပြီ။
လမင်းခရီးလွန်ခဲ့တဲ့ ဒီဇင်ဘာညမှာ
သဇင်တစ်ခက် ရင်ဘတ်ပေါ်ကျလာတော့
အနီကဒ်ပြနေတဲ့ စုန်းမတစ်ကောင်က
ပြုံးပြနေသလိုမျိုး ကိုယ်ရင်မှာ ခံစားရတယ်။
မရွာချင်တဲ့မိုးရေ
မသောက်တော့ပါဘူး။
ကြောက်လို့ပါ။
မချစ်ချင်တဲ့ ကောင်မလေးရေ
မချစ်တော့ပါဘူး။
ကြောက်လို့ပါ။

No comments:

Post a Comment