Tuesday, February 28, 2012

ချစ်တဲ့ ချင်းတောင်ဇလပ်



မှုန်ပြာရီဝေ တောင်တန်းတွေနဲ့
အမြဲ လှပနေတဲ့ တို့ရဲ့ချင်းတောင်တန်း
တောင်ပေါ်မြေမှာ ပွင့်ဖူးတဲ့
တောင်ဇလပ်ပန်းနီနီလေးတွေနဲ့ ဝေဆာနေတဲ့
ချင်းတောင်တန်း
အဝေးကကြည့်လေတိုင်း မြူဆိုင်းနေတဲ့
ချင်းတောင်တန်း
ငေးလို့မ၀ ကြည့်လို့မ၀တဲ့
ချင်းတောင်တန်းကြီးတွေ
အော်..ချစ်တဲ့ ချင်းတောင်တန်းနဲ့ တောင်ဇလပ်တွေ
ခုတော့လဲ လွမ်းလို့ပင် ကျန်ခဲ့ပြီ။

                                       ကိုသာ.ထီလာမောင်

ကိုလံဘို ဂေါ့ဖေ့ဆိပ်ကမ်း



Monday, February 27, 2012

ပထမဆုံးအမှားကို ၀န်ခံလိုက်ပါ



“အမှားတစ်ခုကို ကျူးလွန်မိပြီဆိုရင်
အဲဒီအမှားကို ဖုံးကွယ်ဖို့အတွက်
နောက်ထပ်အမှားများစွာကို
ပြုလုပ်တတ်တယ်”             
ငယ်ငယ်တုန်းက ကြည့်ခဲ့ရတဲ့
ပေါင်ချိန်ဇာတ်လမ်းတွဲထဲက
စကားတစ်ခွန်း။
သိပ်ကြိုက်တယ်။
များသောအားဖြင့် အမှားကို ဖုံးကွယ်တတ်တဲ့
ယနေ့ခေတ်မှာ
ဒီစကားလေးက သတိပေးစကားလေးပါ။
ဒါကြောင့်..
ပထမဆုံးအမှားကို
ဝန်ခံလိုက်ပါ။

မန်းရွှေမြို့မှသည် ချင်းတောင်တန်းဆီသို့



တိမ်ပြာရောင် မိုးသားအောက်က
မြို့ငယ်လေးတစ်မြို့မှာ
အရောင်အဆင်းမရှိ
ကားသံတွေ ဗလာနတ္ထိနဲ့
တစ်ကျော့ပြန် နိုးထလာတဲ့
န.ပ.သ ဦးဇင်းလေးတွေရဲ့ဘဝ
ခုတော့ လက်တွေ့ကြုံနေရပြီပေါ့။
ကားသံတွေ လူသံတွေ ပွတ်လောညံနေတဲ့
မန်းရွှေမြို့မှာ အနေကြာလာတော့
ဆူညံသံတွေ မကြားရရင်
မနေတတ်တဲ့ ဘ၀ဆိုတာ
တောင်ပြာတန်းက ချယ်ရီပန်းတွေ
သိမယ်ထင်ပါတယ်။
ခုတော့လဲ ဆိတ်ငြိမ်မှုတွေနဲ့
ရင်းနှီးနေပါပြီ။
       ကိုသာ. ချင်းတောင်တန်းအမှတ်တရ

Saturday, February 25, 2012

အနုရာဓပူရမြို့၊ မဟာစေတီအမှတ်တရ


ဆင်ရတနာဖြင့် ရှင်လောင်းလှည့်


လှည်းယဉ်အလှ


မြန်မာ့ရိုးရာ အလှူမင်္ဂလာပွဲ


လွတ်လပ်စွာ ပျံသန်းခြင်း



လွတ်လပ်စွာ ပျံသန်းချင်တယ်ဆိုရင်
အနှောင်အဖွဲ့တွေကို မရှာနဲ့လေ။
တောင်ပံတစ်စုံကို ဖြန့်ကြက်
လွတ်လပ်စွာ ပျံသန်းမယ့်
ငှက်တစ်ကောင်
ဆူးကိုင်းတွေကို
ရှောင်တတ်ဖို့လိုတယ်။
မာယာတွေ ပရိယာယ်တွေ
ပေါကြွယ်ဝတဲ့ လောကကြီးမှာ
အရှောင်မတတ်ရင်တော့ ချောင်ခတ်ခံရလိမ့်မယ်။

စုန်းမ



မင်းရယ်……
နေနှစ်စင်းရဲ့ အလင်းကြားမှာ
ဆာလောင်မွတ်သိပ်ခြင်း နှင်းခဲတွေ
စိစိညက်ကြွေမွသွားပါပြီ။
လမင်းခရီးလွန်ခဲ့တဲ့ ဒီဇင်ဘာညမှာ
သဇင်တစ်ခက် ရင်ဘတ်ပေါ်ကျလာတော့
အနီကဒ်ပြနေတဲ့ စုန်းမတစ်ကောင်က
ပြုံးပြနေသလိုမျိုး ကိုယ်ရင်မှာ ခံစားရတယ်။
မရွာချင်တဲ့မိုးရေ
မသောက်တော့ပါဘူး။
ကြောက်လို့ပါ။
မချစ်ချင်တဲ့ ကောင်မလေးရေ
မချစ်တော့ပါဘူး။
ကြောက်လို့ပါ။