Sunday, July 29, 2012

ဗုဒ္ဓ၀ါဒနှင့် တမလွန်ဘ၀ ယုံကြည်မှု



ရုပ်ဝါဒအရ လူ(သို့မဟုတ်) သက်ရှိသတ္တ၀ါသည် မြူ(ရုပ်မှုန့်ရုပ်ခဲ)တို့၏ မတော်တဆ ပေါင်းစပ်မှုကြောင့် ပေါ်ပေါက်လာခြင်းဖြစ်၏။ စိတ်ဆိုသည်မှာလည်း ၎င်းင်းရုပ်တို့၏ ဖွဲ့စည်းမှု အမြင့်မားဆုံးအချိန်တွင် ရုပ်တို့၏ အရောင်ဟပ်မှုကြောင့် ပေါ်ထွက်လာခြင်းဖြစ်သည်ဟု ဆိုပါသည်။ ဤ၀ါဒအရ လူနှင့်တိရိစ္ဆာန်၊ တိရိစ္ဆာန်နှင့်အရာဝတ္ထုတို့တွင် မည်သည့်ခြားနားချက်မျှ မရှိ။ စိတ်ခံစားမှု၊ အလှအပဖန်တီးမှု၊ ကျင့်ဝတ်သိက္ခာစောင့်ထိန်းမှုစသည်တို့ကြောင့် လူသည် တိရိစ္ဆာန်ထက်ပို၍ သာလွန်မြင့်မြတ်သည်ဟုမဆိုနိုင်ပေ။ ရုပ်တို့၏ တိုးတက်မှု နိမ့်ခြင်း မြင့်ခြင်းသာ ကွာခြားပါသည်။ အခြားကွဲလွဲချက်မရှိချေ။ အရာရာသည် ရုပ်တုံးရုပ်ခဲမျှသာ ဖြစ်သည်ဟု ဆိုရပါတော့သည်။
       အထက်ဖော်ပြပါ ရုပ်ဝါဒအရ လူအပါအ၀င် သက်ရှိတို့သည် သေသည်၏အခြားမဲ့၌ ဘာမျှ မဖြစ်နိုင်တော့ချေ။ သေဆုံးပြီးလျှင် ပြတ်၍ နောင်ဘ၀ဟူ၍လည်း မရှိနိုင်ပေ။ နောင်ဘ၀ မရှိတော့သဖြင့် ငရဲ၊ နတ်ပြည်စသည်တို့သည်လည်း မရှိနိုင်ပေ။ တမလွန်ဘ၀ဆိုသည်ကို ၎င်းင်းဝါဒီများက လက်မခံကြပါချေ။ ထို့ကြောင့် ၎င်းင်းရုပ်ဝါဒီများအတွက် ဘာသာရေး ဆိုသည်မှာလည်း မည်သို့မျှအသုံးမ၀င် မလိုအပ်တော့ချေ။
       အမှန်အားဖြင့် တမလွန်ဘ၀ရှိသည်ဟူသော အယူအဆသည် အလွန်ရှေးကျသည့် ယုံကြည်ချက်တစ်ခုဖြစ်ပါသည်။ လူ့သဘာဝအရ လူတိုင်းသည် မသေလိုကြပေ။ ထာဝရရှင်သန် နေလိုကြသည်။ ထို့ကြောင့် သေရမည်ကို မလိုလားကြပေ။ သေရမည်ကို ကြောက်ကြသည်။ သို့သော် ““သဗ္ဗေ သင်္ခါရာ အနိစ္စာဟူသော ဒေသနာအရ မွေးဖွားလာတိုင်းသော သတ္တ၀ါမှန်သမျှ သေခြင်းကို ရှောင်လွဲ၍ မရနိုင်ပေ။ ရှောင်လွဲမရ၍ သေရလျှင် သေပြီးသည့်နောက်၌ ဘ၀တစ်ဖန် ဖြစ်လိုကြပြန်သည်။ အမြဲတမ်း ရှင်သန်နေလိုသော်လည်း အမြဲထာဝရရှင်သန်နေရန် မဖြစ်နိုင်သော အခါ သေပြီးသည့်နောက်တွင် ပြန်၍ရှင်သန်လိုကြပြန်သည်။ ဤသည်ကိုပင် ဘ၀တဏှာဟု ခေါ်၏။ ထိုသို့ ပြန်၍ရှင်သန်လိုသောကြောင့် အသက်ပြန်ရှင်ရေးကို အလေးထားစဉ်းစားခဲ့ကြရာမှ နောက်ဆုံးတွင် တမလွန်ဘ၀ရှိသည်ဟု လိုရာဘက်ကို ဆွဲ၍ ဆုံးဖြတ်ယုံကြည်ခဲ့ကြသည်။ သို့ဖြစ်၍ တမလွန်ဘ၀ယုံကြည်မှုသည် လူသားတို့၏ သဘာဝစိတ်ဓာတ် တစ်မျိုးဟု ဆိုနိုင်ပါသည်။
     ဗုဒ္ဓဘာသာတွင် ထေရ၀ါဒ၊ မဟာယာနစသည်ဖြင့် ဂိုဏ်းကွဲပေါင်းများစွာ ရှိသော်လည်း ဂိုဏ်းကွဲအားလုံးကပင် တမလွန်ဘ၀ရှိသည်ကို လက်ခံကြသည်။ ဘ၀ဆက်လက်ဖြစ်ပေါ်မှု (သံသရာ)နှင့် ပြုလုပ်မှု(ကမ္မ)သည် ဗုဒ္ဓ၀ါဒ၏ အခြေခံအုတ်မြစ်ဟု ဆိုရပေမည်။ ၎င်းင်းတို့ မရှိလျှင် ဗုဒ္ဓ၀ါဒမရှိနိုင်တော့ပေ။ ဘ၀ဆက်လက်ဖြစ်မှု(သံသရာ) မရှိလျှင် သံသရာမှ ထွက်မြောက်ရာတရား (နိဗ္ဗာန်)ဟူ၍လည်း မရှိနိုင်တော့ပေ။ ထို့ကြောင့် သံသရာကို ငြင်းပယ်ခြင်းသည် သံသရာမှ ထွက်မြောက်ရာနိဗ္ဗာန်ကို ငြင်းပယ်ခြင်းပင် ဖြစ်၍ နိဗ္ဗာန်ရောက်ကြောင်းတရားဖြစ်သော ဗုဒ္ဓ၀ါဒကို အခြေမှ တူးဖြိုသည်နှင့် မခြားပေ။
       ဗုဒ္ဓ၏ဟောကြားချက်များအနက် များစွာသောသုတ်္တန်တို့တွင် ဘ၀သံသရာအကြောင်းကို ပြဆိုထားသည်ကို တွေ့ရှိနိုင်ပါသည်။ ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက်  ပထမဦးစွာ အနေကဇာတိ သံသာရံ အစရှိသည်ဖြင့် ““ငါသည် ခန္ဓာအိမ်ကို တည်ဆောက်တတ်သည့် တဏှာလက်သမားကို ရှာဖွေခဲ့ရာ သဗ္ဗညုတဉဏ်တော်ကို မရနိုင်သေးသဖြင့် ဘ၀များစွာ သံသရာကာလပတ်လုံး ကျင်လည်ခဲ့ရပြီ၊ အဖန်ဖန်ပဋိသန္ဓေနေခြင်းသည် ဆင်းရဲလှစွာ၏၊ ခန္ဓာအိမ်ကို ကြိမ်ဖန်များစွာ ဆောက်လုပ်သည့် တဏှာလက်သမား၊ ယခုအခါ ငါသည် သင့်ကို တွေ့ပြီ၊ သင်သည် ငါ၏ခန္ဓာအိမ်ကို နောက်ထပ်ဆောက်လုပ်နိုင်မည် မဟုတ်တော့၊ အိမ်၏အခြင် ရနယ်အားလုံးကို ငါချိုးဖျက်ခဲ့ပြီ၊ အိမ်၏အထွတ်ကိုလည်း ငါဖျက်ခဲ့ပြီ၊ ဒိုင်းလွှားတို့ကိုလည်း ငါဖျက်ပြီးပြီ၊ ငါ၏စိတ်သည် ပြုပြင်စီရင်မှုကင်းသည့် နိဗ္ဗာန်သို့ မျက်မှောက်ပြုပြီးပြီ၊ အရဟတ္တဖိုလ်သို့ ရောက်ပြီဟူ၍ ကျူးရင့်တော်မူခဲ့သည်။
       အထက်ဖော်ပြပါ ““အနေကဇာတိ သံသာရံ””အစချီသော ဘုရားရှင်၏စကားတော်သည် ဘ၀ဆက်လက်ဖြစ်ပေါ်မှုကို အထင်အရှားပြဆိုနေပေသည်။ ထို့ပြင် ၎င်းင်းဒေသနာတော်တွင်-
၁။ ဘ၀များစွာ သံသရာကာလပတ်လုံး ကျင်လည်ခဲ့ရပြီဆိုသော စကားရပ်၊
၂။ အဖန်ဖန်ပဋိသန္ဓေနေရခြင်းသည် ဆင်းရဲ၏ဟူသော စကားရပ်၊
၃။သင်တဏှာလက်သမားသည် ငါ၏ခန္ဓာအိမ်ကို နောက်ထပ်တစ်ဖန် ဆောက်လုပ်နိုင် တော့မည်မဟုတ်ဟူသော စကားရပ်များသည် ဘ၀ဆက်လက်ဖြစ်ပေါ်မှုကို ဘုရားရှင်လက်ခံတော် မူကြောင်းကို ပြသနေပါသည်။
       ထိုမှတစ်ဖန် “သောတာပန်ပုဂ်္ဂိုလ်သည် မြင့်မြတ်သော ဘုံဘ၀တွင် ခုနှစ်ကြိမ်သာ ပြန်လည်မွေးဖွားရသည်။ သတ္တ၀ါတို့သည် တစ်ဘ၀ပြီးတစ်ဘ၀ ကျင်လည်ရကုန်၏။ဟူသော စကားရပ်တို့ကိုလည်း နေရာများစွာတို့၌ ဟောကြားထားကြောင်းတွေ့ရသည်။
       ထို့ပြင် ဘုရားရှင်ကိုယ်တော်တိုင် ဟောကြားတော်မူခဲ့သော အချို့သောသုတ်တော်များ၊ ပဋိစ်္စသမုပ္ပါဒ်တရားတော်၊ ပေတ၀တ္ထု၊ ၀ိမာန၀တ္ထု၊ အပါဒါန်ပါဠိတော်များ၊ ဓမ္မပဒ၀တ္ထုတော်များ၊ ငါးရာ့ငါးဆယ် ဇာတ်နိပါတ်တော်များစသည်တို့တွင်လည်း တမလွန်ဘ၀ သဘောတရားများကို တွေ့ရှိနိုင်ပါသည်။ ယင်းသို့သော အထောက်အထားများအရ ဗုဒ္ဓသည် ဘ၀ဆက်လက်ဖြစ်မှု (သံသရာ)ကို လက်ခံဟောပြောသူဖြစ်ကြောင်း၊ ဗုဒ္ဓ၏၀ါဒသည်လည်း သံသရာကို လက်ခံသော ၀ါဒဖြစ်ကြောင်း သိနိုင်ပါသည်။

1 comment:

  1. စာကကောင်းတယ် ဦးဇင်းရေ။ ဒါပေမယ့် တပည့်တော်စက်မှာမို့လားမသိဘူး။ စာတွေက ကျဲနေတယ်။ အကုန်လုံးတော့မဟုတ်ပါဘူး။ ဒါပေမယ့် ကြည့်လို့ တစ်မျိုးကြီးပဲ။

    ReplyDelete