Tuesday, February 7, 2012

မတူတာလေးများ

လူဆိုတာ ကမ္ဘာဦး အစကတည်းက တစ်နေရာနဲ့တစ်နေရာ ယဉ်ကျေးမှုမတူဘဲ နေထိုင်လာခဲ့ကြတယ်။ နေရာဒေသကို လိုက်ပြီးတော့ အပြုအမူ အနေအထိုင်တွေ ကွဲပြားသွားကြတယ်။ ရေကြည်ရာမြက်နုရာကို ပြောင်းရွေ့သွားပြီး ကိုယ်ပိုင် ယဉ်ကျေးမှုတွေနဲ့ နေထိုင်ခဲ့တာ ခုထိပါပဲ။
မြန်မာနိုင်ငံနဲ့ သီရိလင်္ကာနိုင်ငံဟာ ဗုဒ္ဓဘာသာကို ကိုးကွယ်တာချင်းတူပေမယ့် တစ်ချို့နေရာတွေမှာ ယဉ်ကျေးမှုချင်းကွားခြားတာကို တွေ့ရတယ်။ ထူးခြားတဲ့ တစ်ခုကတော့ သီရိလင်္ကာမှာ ဘုရားဆင်းတုတော် ရှေ့မှာ နောက်ကျောပေးပြီး ဓာတ်ပုံရိုက်လို့မရပါဘူး။ ဘုရားကို နောက်ကျောပေး ဓာတ်ပုံရိုက်ရင် မြင်တဲ့သူက ချက်ချင်းပြောတယ်။ ကျောပေးရိုက်လို့ မရဘူး။ ခပ်စောင်းစောင်းလေးရိုက်ခိုင်းတယ်။ ဘုရားအစောင့်ရှိရင် အစောင့်က ပြောတယ်။ မရှိရင် မြင်တဲ့သူက အဲလိုမရိုက်ဖို့ပြောတယ်။ မြန်မာပြည်မှာတော့ ဘုရားကို ကျောပေးဓာတ်ပုံရိုက်လို့ ရတယ်။ ဒီမှာတော့ မရတာဟာ မတူကွဲပြားမှုလေးတစ်ခုပါပဲ။ ဟုတ်ပါတယ်။ ဘုရားကို နောက်ကျောပေး နေတာ ထိုင်တာ ဓာတ်ပုံရိုက်တာတွေဟာ မသင့်တော်ဘူးထင်တာပါပဲ။

No comments:

Post a Comment