Sunday, January 22, 2012

သီလမရှိရင် ၀ီရမရှိဘူး


သီလမရှိရင် ၀ီရမဖြစ်ဘူး သီလရှိမှ ၀ီရဖြစ်မယ် ဆိုတဲ့စကားလေးက သိပ်ကောင်းတယ်။ စာအုပ်တစ်အုပ်မှာ ဖတ်ဖူးတာ။ (ဦးဘုန်း၊ဓာတု ရေးတဲ့စာအုပ်)။ဆိုလိုတာကတော့ သီလမရှိရင် သတ္တိမရှိဘူး။ ရဲရင့်မှုမရှိဘူး။ သီလရှိမှ ရဲရင့်မယ်ဆိုတဲ့သဘောပါ။ ၀ီရဆိုတာ သတ္တိရှိတာ၊ ရဲရင့်တာကို ဆိုလိုတာ။ ဥပမာ သူငယ်ချင်းနှစ်ယောက် တစ်ယောက်က အခြားတစ်ယောက်ကို တစ်ခုခု လိမ်ညာထားတယ်ဆိုရင် လိမ်ထားသူက မုသာဝါဒသီလကို ကျူးလွန်ထားတယ်လေ။ ဒါဆိုရင် သူ့သူငယ်ချင်းဆီသွားတဲ့အခါ သူငယ်ချင်းနဲ့ တွေ့တဲ့အခါ ရဲရဲဝံ့ဝံ့ မပြောရဲ မဆိုရဲတော့ဘူး။ ဘာလိုလဲဆိုတော့ ငါလိမ်ထားတာများ ပေါ်မလား၊ လိမ်ထားတာပေါ်သွားရင် ငါ့ကိုတော့ မုန်းတော့မှာပဲဆိုတဲ့ အတွေးလေးတွေဖြစ်မယ်လေ။ ပြောရရင်တော့ သူ့သူငယ်ချင်းအပေါ် သီလမရှိတော့ ၀ီရမရှိ ဖြစ်သွားတာပေါ့။ ဒါကြောင့် ၀ီရဖြစ်ချင်ရင် သီလရှိအောင်နေသင့်တယ်။

No comments:

Post a Comment