Monday, February 27, 2012

မန်းရွှေမြို့မှသည် ချင်းတောင်တန်းဆီသို့



တိမ်ပြာရောင် မိုးသားအောက်က
မြို့ငယ်လေးတစ်မြို့မှာ
အရောင်အဆင်းမရှိ
ကားသံတွေ ဗလာနတ္ထိနဲ့
တစ်ကျော့ပြန် နိုးထလာတဲ့
န.ပ.သ ဦးဇင်းလေးတွေရဲ့ဘဝ
ခုတော့ လက်တွေ့ကြုံနေရပြီပေါ့။
ကားသံတွေ လူသံတွေ ပွတ်လောညံနေတဲ့
မန်းရွှေမြို့မှာ အနေကြာလာတော့
ဆူညံသံတွေ မကြားရရင်
မနေတတ်တဲ့ ဘ၀ဆိုတာ
တောင်ပြာတန်းက ချယ်ရီပန်းတွေ
သိမယ်ထင်ပါတယ်။
ခုတော့လဲ ဆိတ်ငြိမ်မှုတွေနဲ့
ရင်းနှီးနေပါပြီ။
       ကိုသာ. ချင်းတောင်တန်းအမှတ်တရ

No comments:

Post a Comment