Saturday, February 25, 2012

လွတ်လပ်စွာ ပျံသန်းခြင်း



လွတ်လပ်စွာ ပျံသန်းချင်တယ်ဆိုရင်
အနှောင်အဖွဲ့တွေကို မရှာနဲ့လေ။
တောင်ပံတစ်စုံကို ဖြန့်ကြက်
လွတ်လပ်စွာ ပျံသန်းမယ့်
ငှက်တစ်ကောင်
ဆူးကိုင်းတွေကို
ရှောင်တတ်ဖို့လိုတယ်။
မာယာတွေ ပရိယာယ်တွေ
ပေါကြွယ်ဝတဲ့ လောကကြီးမှာ
အရှောင်မတတ်ရင်တော့ ချောင်ခတ်ခံရလိမ့်မယ်။

No comments:

Post a Comment