Friday, February 10, 2012

မာယာဆောင်တိမ်တိုက်များ



လူလစ်တုန်းသွေးခွဲမယ့်
တိမ်ညိုတွေက မာယာဆောင်ပြီး
ငါတို့ဆီ ပြေးလာတယ်။
တိမ်ပြာယောင်ယောင် တိမ်ဖြူယောင်ယောင်နဲ့
သွေးခွဲဖို့စောင့်နေတုန်း
လေပြေတစ်ချက် ဝေ့လိုက်တယ်။
ရနဲ့သင်းတဲ့ ပန်းကလေးတွေ
မျက်ရည်ဝဲသွားရပြီပေါ့။
     (ချင်းတောင်တန်းအမှတ်တရနေ့လေးအတွက်)

No comments:

Post a Comment