Monday, July 16, 2012

ဗုဒ္ဓ၀ါဒနှင့်တမလွန်ဘဝ


        ဗုဒ္ဓဘာသာတွင် ထေရ၀ါဒ၊ မဟာယာနစသည်ဖြင့် ဂိုဏ်းကွဲပေါင်းများစွာ ရှိသော်လည်း ဂိုဏ်းကွဲအားလုံးကပင် တမလွန်ဘ၀ရှိသည်ကို လက်ခံကြသည်။ ဘ၀ဆက်လက်ဖြစ်ပေါ်မှု (သံသရာ)နှင့် ပြုလုပ်မှု(ကမ်္မ)သည် ဗုဒ္ဓ၀ါဒ၏ အခြေခံအုတ်မြစ်ဟု ဆိုရပေမည်။ ၎င်းင်းတို့ မရှိလျှင် ဗုဒ္ဓ၀ါဒမရှိနိုင်တော့ပေ။ ဘ၀ဆက်လက်ဖြစ်မှု(သံသရာ) မရှိလျှင် သံသရာမှ ထွက်မြောက်ရာတရား (နိဗ္ဗာန်)ဟူ၍လည်း မရှိနိုင်တော့ပေ။ ထို့ကြောင့် သံသရာကို ငြင်းပယ်ခြင်းသည် သံသရာမှ ထွက်မြောက်ရာနိဗ်္ဗာန်ကို ငြင်းပယ်ခြင်းပင် ဖြစ်၍ နိဗ္ဗာန်ရောက်ကြောင်းတရားဖြစ်သော ဗုဒ္ဓ၀ါဒကို အခြေမှ တူးဖြိုသည်နှင့် မခြားပေ။
        ဗုဒ္ဓ၏ဟောကြားချက်များအနက် များစွာသောသုတ္တန်တို့တွင် ဘ၀သံသရာအကြောင်းကို ပြဆိုထားသည်ကို တွေ့ရှိနိုင်ပါသည်။ ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက်  ပထမဦးစွာ အနေကဇာတိ သံသာရံ အစရှိသည်ဖြင့် ““ငါသည် ခန္ဓာအိမ်ကို တည်ဆောက်တတ်သည့် တဏှာလက်သမားကို ရှာဖွေခဲ့ရာ သဗ္ဗညုတဉဏ်တော်ကို မရနိုင်သေးသဖြင့် ဘ၀များစွာ သံသရာကာလပတ်လုံး ကျင်လည်ခဲ့ရပြီ၊ အဖန်ဖန်ပဋိသနေ်္ဓနေခြင်းသည် ဆင်းရဲလှစွာ၏၊ ခန္ဓာအိမ်ကို ကြိမ်ဖန်များစွာ ဆောက်လုပ်သည့် တဏှာလက်သမား၊ ယခုအခါ ငါသည် သင့်ကို တွေ့ပြီ၊ သင်သည် ငါ၏ခန္ဓာအိမ်ကို နောက်ထပ်ဆောက်လုပ်နိုင်မည် မဟုတ်တော့၊ အိမ်၏အခြင် ရနယ်အားလုံးကိုငါချိုးဖျက်ခဲ့ပြီ၊ အိမ်၏အထွတ်ကိုလည်း ငါဖျက်ခဲ့ပြီ၊ ဒိုင်းလွှားတို့ကိုလည်း ငါဖျက်ပြီးပြီ၊ ငါ၏စိတ်သည် ပြုပြင်စီရင်မှုကင်းသည့် နိဗ္ဗာန်သို့ မျက်မှောက်ပြုပြီးပြီ၊ အရဟတ်္တဖိုလ်သို့ ရောက်ပြီ””ဟူ၍ ကျူးရင့်တော်မူခဲ့သည်။
        အထက်ဖော်ပြပါ ““အနေကဇာတိ သံသာရံ””အစချီသော ဘုရားရှင်၏စကားတော်သည် ဘ၀ဆက်လက်ဖြစ်ပေါ်မှုကို အထင်အရှားပြဆိုနေပေသည်။ ထို့ပြင် ၎င်းင်းဒေသနာတော်တွင်-
        ၁။ ဘ၀များစွာ သံသရာကာလပတ်လုံး ကျင်လည်ခဲ့ရပြီဆိုသော စကားရပ်၊
        ၂။ အဖန်ဖန်ပဋိသနေ်္ဓနေရခြင်းသည် ဆင်းရဲ၏ဟူသော စကားရပ်၊
        ၃။ သင်တဏှာလက်သမားသည် ငါ၏ခန်္ဓာအိမ်ကို နောက်ထပ်တစ်ဖန် ဆောက်လုပ်နိုင် တော့မည်မဟုတ်ဟူသော စကားရပ်များသည် ဘ၀ဆက်လက်ဖြစ်ပေါ်မှုကို ဘုရားရှင်လက်ခံတော် မူကြောင်းကို ပြသနေပါသည်။
        ထိုမှတစ်ဖန် ““သောတာပန်ပုဂ်္ဂိုလ်သည် မြင့်မြတ်သော ဘုံဘ၀တွင် ခုနှစ်ကြိမ်သာ ပြန်လည်မွေးဖွားရသည်။၂ သတ္တ၀ါတို့သည် တစ်ဘ၀ပြီးတစ်ဘ၀ ကျင်လည်ရကုန်၏။ဟူသော စကားရပ်တို့ကိုလည်း နေရာများစွာတို့၌ ဟောကြားထားကြောင်းတွေ့ရသည်။
        ထို့ပြင် ဘုရားရှင်ကိုယ်တော်တိုင် ဟောကြားတော်မူခဲ့သော အချို့သောသုတ်တော်များ၊ ပဋိစ္စသမုပ်္ပါဒ်တရားတော်၊ ပေတ၀တ္ထု၊ ၀ိမာန၀တ္ထု၊ အပါဒါန်ပါဠိတော်များ၊ ဓမ္မပဒ၀တ္ထုတော်များ၊ ငါးရာ့ငါးဆယ်ဇာတ်နိပါတ်တော်များစသည်တို့တွင်လည်း တမလွန်ဘ၀သဘောတရားများကို တွေ့ရှိနိုင်ပါသည်။ ယင်းသို့သော အထောက်အထားများအရ ဗုဒ္ဓသည် ဘ၀ဆက်လက်ဖြစ်မှု (သံသရာ)ကို လက်ခံဟောပြောသူဖြစ်ကြောင်း၊ ဗုဒ္ဓ၏၀ါဒသည်လည်း သံသရာကို လက်ခံသော ၀ါဒဖြစ်ကြောင်း သိနိုင်ပါသည်။

1 comment:

  1. အရှင်ဘုရား-စိတ်ကိုတစ်နေရာထဲမှာထားခြင်း;မှတ်ခြင်း;တွေရဲ့အကျိုးများကို တပည့်တော်အားရှင်းလင်ဟောကြားပေးတော်မူပါဘုရား။ နိဗ္ဗန်သို့ရောက်ရန်အခြေခံကျင့်စဉ်အားဟောပြတော်မူပါဘုရား။

    ReplyDelete