Wednesday, March 7, 2012

***ဘယ်လိုပဲ ဖြစ်စေတော့***



၁။       လူအများစုဟာ ကျိုးကြောင်းဆီလျှော်အောင် တွေးခေါ်ခြင်းမရှိကြဘူး
ကိုယ့်ဖို့ပဲ ကြည့်တက်ကြတယ် ဘယ်လိုပဲဖြစ်ဖြစ်
သူတို့ကိုမေတ္တာပေးလိုက်ပါ။
၂။       မင်းကောင်းတာတွေလုပ်ရင် မင်းဟာတစ်ကိုယ်ကောင်းဆန်တယ်
အပြင်ပန်းကသာ ကောင်းချင်ယောင်ဆောင်နေတာလို့
စွပ်စွဲကြလိမ့်မယ် ဘယ်ပဲဖြစ်ဖြစ်ကောင်းတာပဲလုပ်ပါ။
၃။       မင်းအောင်မြင်ပေါက်ရောက်လို့ရှိရင် မိတ်ဆွေအတုတွေနှင့်
တကယ့်ရန်သူစစ်စစ်တွေကို မင်းကြုံတွေ့ရလိမ့်မယ်
ဘယ်လိုပဲဖြစ်ဖြစ် မင်း အောင်မြင်အောင်ကြိုးစားပါ။
၎။       ရိုးသားဖြောင့်မတ်ခြင်းနှင့် ပွင့်လင်းခြင်းဟာ
မင်းကိုနာကျင်ခက်ခဲလိမ့်မယ် ဘယ်လိုပဲဖြစ်ဖြစ်
ရိုးသားပါ ပွင့်လင်းပါ။
၅။       နှစ်နှင့်ချီပြီး မင်းတည်ဆောက်ထားတဲ့ အရာတစ်ခု
တစ်ညခြင်းအတွင်းမှာပဲ ပျက်စီးသွားနိုင်တယ်
ဘယ်လိုပဲဖြစ်ဖြစ် မင်းတည်ဆောက်ပါ။
၆။       လူတွေဟာ တကယ့်ကိုအကူညီလိုအပ်နေပါတယ်
ဒါပေမဲ့ မင်းကူညီပြီးတာနဲ့ မင်းကိုတိုက်ခိုက်ကြလိမ့်မယ်
ဘယ်လိုပဲဖြစ်ဖြစ်ကူညီပါ။
၇။       အတက်နိုင်ဆုံး အကောင်းဆုံးဆိုတာတွေကို
မင်းစွမ်းနိုင်သလောက် ဘယ်လိုပဲလုပ်စေဦးတော့
နောက်ကွယ်မှာစကားတင်းဆိုကြအုံးမှာပဲ
ဘယ်လိုပဲဖြစ်ဖြစ် အကောင်းဆုံးလုပ်ပါ။
၈။       ဘယ်လိုပဲဖြစ်စေတော့ ကမ္ဘာမြေကြီးကို
အကောင်းဆုံး အမွန်မြတ်ဆုံး
ပေးဆပ်လိုက်ပါ။
( အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့ရှိ ရှီရှုဘာဗင်ကလေးဂေဟာ၏ နံရံတစ်ခုတွင်ရှိသော မာသာထရီဇာ ၏ မှာတမ်း )

No comments:

Post a Comment