Wednesday, March 14, 2012

“ ရတနာမြေ ” (သို့) မြန်မာပြည်


တိမ်လွှာမြူကင်း အာရုဏ်လင်းဝယ်
နေမင်းရောင်ဝါ ထွန်းလင်းဖြာ၏ ။

တဆာဆာအော် ကျေးငှက်ဖော်တို့
ထက်ပေါ်သစ်ပင် တေးစုံလင်နှင့်
... စင်စစ်သံမြူး တေးဟန်ကြူးသည်
ထူးသည့်သံပေ ညှင်းလေသွေးသော်
မဝေးနယ်မြေ ပန်းမျိုးထွေလည်း
စုံပေရနံ့ သင်းပျံ့မွှေးကြူ
တလူလူနှင့် ရှိုက်ချူမိသူ
ပြုံးမူစေ၏ ။
 
စိမ်းလန်းသစ်ပင် မြိုင်တောတွင်၍
စီးဝင်ရှည်လျား မြစ်များပင်လယ်
အသွယ်သွယ်နှင့် တင့်တယ်လှပေ
တို့မြန်မြေ၀ယ် ရွှေငွေကျောက်သံ
သယံဇာတ ပေါကြွယ်ဝသား
တောင်များထီးထီး ရှုမငြီးတည့်
တားဆီးရန်စွယ် တံတိုင်းနှယ်သို့
ကာကွယ်စောင့်ပေ ရေမြေတောတောင်
လှဝေဆောင်ကာ ရွှင်အောင်နှလုံး
ရစ်ဖွဲ့ထုံး၍ ပြုံးပျော်စေမှာ
တို့မြေသာတည်း ။ ။

No comments:

Post a Comment