Wednesday, March 14, 2012

သိမြင်အမှန် ရုပ် နှင့် နာမ်

သုံးလူ့ထွဋ်ထား မြတ်ဘုရား ဟောကြားမိန့်သည်မှာ

... ရခဲလှတာ လူဘုံမှာ များစွာအာရုံဖြာ

အာရုံလွဲမှား ကျင့်သုံးငြား ရှည်လျားသံသရာ

လည်ပတ်စေမှာ သံသရာ တဏှာအ၀ိဇ္ဇာ

ပညာဥာဏ်လင်း လောကတွင်း ရှင်းရှင်းသိမြင်ပါ

လောကသုံးပါး ရှိတရား နှစ်ပါးရုပ်နာမ်သာ

ရုပ်နာမ်အစု ဖြစ်ပျက်မှု ကြည့်ရှုဘာဝနာ

ကြောင်းကျိုးနှစ်တန် သိအမှန် လွတ်ရန်သံသရာ

ထို့ကြောင့်များစွာ ဝေနေယျာ ကျင့်ကာအားထုတ်ပါ

No comments:

Post a Comment