Sunday, January 22, 2012

ဖြတ်ရခက်တဲ့ကြိုး


သံယောဇဉ်ဆိုတဲ့ ကြိုးတစ်ချောင်း
ဖြတ်ဖို့ဆိုတာ ခက်ခဲတယ်။
ဗုဒ္ဓဒေသနာအရတော့
ဖြတ်ရမယ့်ကြိုးတစ်ချောင်းပါ။
ဒါပေမယ့်
ပုထုဇဉ်ဆိုတဲ့စာလုံးက
ကျွန်ုပ်မှတ်ပုံတင်မှာ အမှန်ခြစ်ပြနေတော့
တော်တော်တော့ အခက်သား။
အဖြစ်အပျက်တွေက မြန်ဆန်ပေမယ့်
မနေ့ကလိုပဲ ထင်မိတယ်။
အော်..
မနက်ဖြန်ဆိုတာ
လူတွေက သတ်မှတ်ထားတဲ့
အချိန်ကာလတစ်ခုပါ။
ဒါကိုတော့ စွဲလမ်းနေလို့မရဘူးလေ။
                 

                       ကိုသာ.ထီလာမောင် ချင်းတောင်တန်း

No comments:

Post a Comment