Monday, January 23, 2012

အော် ..ပတ်ဝန်းကျင်


အော် ပတ်ဝန်းကျင် ပတ်ဝန်းကျင်
ဒီ ပတ်ဝန်းကျင်ကြောင့်လည်း
တို့တတွေ ပျော်ရွှင်မှု ရကြတယ်။
ဒီ ပတ်ဝန်းကျင်ကြောင့်လည်း
စိတ်ဆင်းရဲမှုတွေ ဖြစ်ရပြန်ရော
မလိုတမာ လိုသကာနဲ့
တော်တော် ခက်တဲ့ ပတ်ဝန်းကျင်မျိုးလဲ
ရှိတတ်ပါသေးလား။
မရှိမကောင်း ရှိမကောင်း
မပေါင်းလဲခက် ပေါင်းလဲခက်တဲ့
ပတ်ဝန်းကျင်
ဘာပဲဖြစ်ဖြစ်လေ
ခဏတာကြုံရတဲ့ဘ၀လေးမှာ
ကိုယ့်ရဲ့အပြုအမူတွေကြောင့်
တစ်ပါးသူ ဒုက္ခမဖြစ်ရအောင်တော့
နေသွားသင့်တာပေါ့။
                   ကိုသာ ချင်းတောင်တန်း

No comments:

Post a Comment