Sunday, January 22, 2012

မနက်ဖြန်ဆိုတာ ခဏတာမှောင်မိုက်ခြင်းပါ


၂၀၀၉ ဇန်န၀ါရီ ၁၄ - ရက်
လေဝေ့တစ်ချက်မှာ မြူရနံ့လေး သင်းနေတယ်။
တောင်ထိပ်မှာ မေးတင်နေတဲ့ နေမင်းကြီး
အော် ..တစ်နေ့တာ နှုတ်ဆက်တော့မှာပါလား။
ပြန်ဆုံမယ်နောက်ရက်
မနက်ဖြန်ဆိုတာ ခဏတာမှောင်မိုက်ခြင်းပါ။
ဝမ်းနည်းစရာတော့ မလိုပါဘူး။
နေ၀င်ချိန်တွေကို ထောင်ပေါင်းများစွာ
ကြုံခဲ့ရပြီလေ။
ဒါပေမယ့်
မျက်ရည်တွေဝဲနေတဲ့
တောင်တန်းပြာတွေကိုတော့
သနားမိတယ်။
နေညိုချိန်မှာ အမြဲပြုံးပြတတ်တဲ့
ကိုယ်တို့ရဲ့ ရွှေမန်းတောင်ကိုတော့
ဘယ်ရောက်ရောက် သတိရနေတယ်။
ငါတို့ခြေရာတွေ အက်ကြောင်းထပ်နေတဲ့
ရွှေမန်းတောင်
ခုတော့လဲ လွမ်းစရာလေးတွေ ဖြစ်ကုန်ပြီလေ။
                     ထီလာအရှင်သာသန

No comments:

Post a Comment