Thursday, May 10, 2012

မာန်တတ်စေချင် သာကီဝင်

ကြည့်ရတာ မြင်မကောင်း
မြန်မာတွင် ဆိုးယုတ်တာက
မျိုးပြုတ်အောင် ဖြုတ်မည်ပ
ထုတ်လိုက်ကြ အရက်မျိုးစုံ
ဝိသမ လောဘသားတွေ
မောဟတွေ လွှမ်းလို့ခြုံ
ဒင်းတို့တွေ အတ္တကြောင့်
ဆုံးရှုံးကြ မျိုးဖုံဖုံ
ဓနဂုဏ် ခုံမင်လို့
စိတ်ထားပုံ ဘယ်သူသေသေ
ငတေမာ ပြီးရောတဲ့
ကြီးပွားတာ ဒင်းတို့တစ်တွေ
ဆိုးထိတ်ဖွယ် အခြေနေမှာ
မြင်ရပေ ယစ်ထုပ်တွေမို့
မျိုးချစ်သူ လူငယ်တွေဟာ
မြန်နယ်မှာ အနာဂါတ်ပါ
ယှဉ်တွဲကာ တွန်းလှန်ပါတော့
ဇာတိမာန် ထက်သန်လို့လေး

                                 ဥာဏ်ဗလ

No comments:

Post a Comment