Wednesday, May 16, 2012

စိတ်သစ် လူသစ်

ဟော......ဒီဆိုင်က လူတွေစည်ကားလှချည်လားလို့ စိတ်ထဲမှာ တွေးမိလို့ ငေးကြည့်တော့
....စင်တင် စားတော်ဆက်တဲ့
ဝါသနာအရ သီဆိုကြတဲ့ တေးသံရှင် မိန်းကလေးတွေလား
အဆိုတော် မော်ဒယ်ကာင်မလေးတွေလား
ဘာတွေလားတော့ မသိဘူး။
ကျောဗလာ၊ စကပ်တို ကိုယ်ကြပ်ဘောင်းဘီတို
မလုံ့တလုံ အ၀တ်အစားတွေနဲ့ အနောက်တိုင်းတေးသံနဲ့ လမ်းလျှောက်ကိုယ်ဟန်ပြနေကြတာပါလား
စင်ပေါ်က သမီးအရွယ် ကောင်မလေးတွေရဲ့ ပေါင်တံတွေက ဖွေးကနဲ ဖွေးကနဲ
စင်အောက်က အဖေအရွယ် လူကြီးတွေက ဟေးကနဲ ဟေးကနဲပေါ့
ဒါကြောင့် ဒီနေရာဟာ လူစည်ကားနေတာပေါ့
အင်း..........(သက်ပြင်းရှည်ကို ချလို့)
သူ့အရပ်နဲ့ သူ့ဇာတ်တော့ဟုတ်နေပါလား

သူ့ခေတ်နဲ့ သူ့အခါ ဆိုတော့လဲ ပြောမိတဲ့သူကဘဲ အပြစ်ဖြစ်နေသလိုဘဲဗျာ
သိတော်မူကြတဲ့အတိုင်းဘဲလေ အတုမြင် အတတ်သင် တတ်တဲ့ လူငယ်တွေသဘာဝ
ဝတ်စားဆင်ယင်မှုက အမြဲတမ်းလက်ဆင့်ကမ်းစီးမျောနေတော့
ခေတ်ကိုက တရုတ်မင်းသမီးတွေ ခေတ်စားကာစက ဂါဝန်တွေ ပေါင်ရင်အထိခွဲလို့ခွဲ
ဒီဘက်ခေတ်ရောက်ပြန်တော့ ကိုရီးယားခေတ်ဖြစ်လာတာနဲ့အညီ
တိုသွားလိုက်တဲ့ စကပ်၊ ဟိုက်သွားလိုက်တဲ့ လည်ပင်း
မိန်းကလေးချင်းတောင် မကြည့်ရဲကြတဲ့ အဖြစ်
ဒါတင်လား ဘယ်ကဦးမလဲ
မိန်းကလေးက စလို့ ဘီယာသောက်ပြရမှာလဲ ၀န်မလေး
ရည်စားစကားစပြောရမှာကိုလဲ မရှက်မကြောက်
ရှေးလူကြီးသူမတို့ ပြောခဲ့တဲ့ ဟီရိသြတ္တပ ဆိုတဲ့(အရှက်တရား)ဆိုတာ ကြားဖူးတယ်လို့တောင် မထင်ပါဘူးဗျာ
ကိုယ့်ကိုယ်ကို မြန်မာမိန်းကလေးဆိုတာတောင် မေ့နေကြပြီထင်ပါရဲ့
ကိုရီးယားကားတွေ အကြည့်များပြီး မသိစိတ်က ဆိုးလ်ရောက်သွားတယ် အောက်မေ့လားမသိ
ဖြစ်ပျက်နေလိုက်ကြတာများ ယိုသူမရှက် မြင်သူကဘဲ ရှက်ရမလို
အော်......တိုးတက်လာတဲ့ ခေတ်နဲ့အမျှ ခေတ်ကြီးကလဲ ပျက်စီးလာပါလားလို့
အောက်မေ့မိတော့လဲ တွေးရင်းနဲ့တောင် ရင်လေးမိပါတယ်

မိန်းမတို့အိနြေ္ဒ ရွှေပေးလို့မရ ဆိုတဲ့စကားဟာ မြန်မာလူမျိုးတို့မှာ စကားပုံအဖြစ်သာ ကျန်ရစ်ခဲ့ပြီ

ဒီဘက်ခေတ် ရောက်လာတော့ သူ့ထက်ငါအပြိုင် ဟော့နိုင်တဲ့သူက နာမည်ကြီးကြေးလို့များ
ထင်နေကြလားမသိ သူ့ထက်ငါ ၀တ်လိုက်ကြတာများ အရှက်လုံတယ်ဆိုရုံလောက်သာဆိုတော့
မြန်မာမိန်းကလေးဆိုတဲ့ ဂုဏ်ကိုလဲ ထိန်းရကောင်းမှန်းမသိ ဗုဒ္ဓဘာသာမိန်းကလေးတို့ဓလေ့ ဘုရား
ကျောင်းကန် သွားရမှာလဲ စိတ်မ၀င်စား အ၀တ်အစားလောက်သာ သူတို့သိနေတော့ ခက်သား.....။

သည်လို မကောင်းတဲ့ အမွေဆိုးတွေ ဆင့်ကမ်းမလာဖို့ မိမိတို့ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာတွေ
ဆရာ၊ မိဘ၊ ဦးကြီး၊ ဦးလေး၊ အကို စတဲ့ သက်ကြီးဝါကြီးတွေရဲ့ အဆုံးအမတွေနဲ့ ထိန်းကွပ်ကာကွယ်ကြဖို့
အချိန်တန်ပြီလို့ ထင်မိပါတယ်။

ငယ်စဉ်ကတည်းက ဆိုဆုံးမသွန်သင်တာကို နာခံတတ်တဲ့အကျင့်၊ လူကြီးသူမကို ရိုကျိုးနှိမ့်ချတတ်တဲ့အကျင့်၊
အမှားအမှန်ကို ပိုင်းခြားနိုင်တဲ့ ဆင်ခြင်တုံးတရားဆိုင်ရာ အမူအကျင့်၊ ဘာသာတရားကိုင်းရှိုင်းမှု၊ ဗုဒ္ဓရဲ့အဆုံးအမများနဲ့
နီးကပ်ထိကပ်မှုတွေဟာ တကယ်တော့ ဗုဒ္ဓဘာသာ မြန်မာမိန်းကလေးတွေနဲ့ မစိမ်းတဲ့အရာတွေပါ။

ဒါကြောင့်မို့ ယနေ့လူငယ်တွေဟာ နောင်တစ်ချိန်မှာ လူကြီးဖြစ်လာမှာဖြစ်ပြီးတော့ မိမိတို့ရဲ့ နောင်လာနောင်သားတွေကို
ထိန်းသိမ်းစောင့်ရှောက်ကြမှာဖြစ်တာနဲ့အညီ ရှေ့ဆောင်နွားလား ဖြောင့်ဖြောင့်သွားမှ နောက်နွားတစ်သိုက် ဖြောင့်ဖြောင့်လိုက်
ဆိုသလို ရှေ့ကလမ်းကြောင်းက ဖြောင့်ဖြူးခဲ့မှသာ နောက်တတ်လာမယ့် မျိုးဆက်သစ်များအတွက် လှပတဲ့ အနာဂတ်ကို
ထုဆစ်နိုင်ကြမှာ ဖြစ်တဲ့အတွက် လမ်းကြောင်းမှန်ပေါ်ရောက်ပြီး အသိတရားလေးများ မြန်မြန်ရရှိကြပါစေလို့ ဆုတောင်းလျက်


လွမ်းနေသူ

No comments:

Post a Comment