Monday, April 2, 2012

သူ့အကြောင်း တစွန်းတစ




စတီး(ဗ်) ဂျော့ (ဘ်စ်) ဆိုသူ့အကြောင်းကို ဂဃနဏ မသိတောင်
တစွန်းတစကြားဘူးနားဝရှိသူ အတော်များပါတယ်။
ကိုယ်လည်းပဲ သူ့အကြောင်း တစွန်းတစဖတ်ဖူးပါတယ်။
ကိုယ်က ဘာသာရေးခေါင်းဆောင်ဆိုတော့
သူနဲ့ပတ်သက်တဲ့ ဖတ်ဖူးတဲ့မအကြောင်းအရာတွေထဲမှာ
ဘာသာရေးနဲ့ ဆက်စပ်တဲ့ သူ့ရဲ့ အတွေးအခေါ်လေးတွေကိုပိုမှတ်မိတယ်။ 


သူ အသက် ၁၃ နှစ်သားအရွယ်တုန်းက သူ့မွေးစားမိဘတွေ
မကြာမကြာသွားလေ့ရှိတဲ့ ခရစ်ယာန် Church ကျောင်းကို လိုက်သွားလေ့ရှိတယ်တဲ့။
တစ်နေ့ ခရစ်ယာန်ဘုန်းကြီးကို
 “ဆာလောင်မွတ်သိပ်နေကြတဲ့ ၀၀လင်လင်မစားရတဲ့
ကလေးငယ်လေးတွေကို ထာဝရဘုရားသခင် (God)  သိပါသလား” လို့မေးသတဲ့။
ဒီတော့ ခရစ်ယာန်ဘုန်းကြီးက
“ထာဝရဘုရားသခင်က အရာအားလုံးကို သိပါတယ်” တဲ့။


ဒီခရစ်ယာန်ဘုန်းကြီးအဖြေကို ကြားရပြီးတဲ့နောက်
စတီး(ဗ်) ဂျော့ (ဘ်စ်) ဟာ
ခရစ်ယာန် Church ကျောင်းကိုလုံးဝ မသွားတော့ဘူးတဲ့။


အစာရေစာ ငတ်မွတ်ခေါင်းပါးနေပြီး ၀၀လင်လင် မစားရတဲ့ ကလေးတွေအပေါ်မှာ
ထာဝရဘုရားသခင်သန္တာန်မှာ သနားခြင်းကရုဏာတရား မရှိလို့ဆိုပြီး
ထာဝရဘုရားသခင်ကို ယုံကြည်မှု ကင်းသွားသတဲ့။
                 by Dhamma Garden on Friday, 10 February 2012 at 08:29 ·
                   Steve Jobs 1955-2011

No comments:

Post a Comment