မြတ်စွာဘုရားလက်ထက်တွင်
သံသေဒဇပဋိသန္ဓေဖြင့် မွေးဖွား လာသူတို့အနက် ဗုဒ္ဓဘာသာတိုင်းသိထားပြီးကြသော စိဉ်္စမာဏသည်လည်း
တစ်ဦး အပါအ၀င်ဖြစ်သည်။ စိဉ္စမာဏဟု ပြောလိုက်သည်နှင့်တပြိုင်နက် ဘုရားရှင်ကို ပရိသတ်တို့
အလယ်၌ ကိုယ်ဝန်ဖြင့် စွပ်စွဲပြောဆိုသော မိန်းမယုတ်ဟု ချက်ချင်းသိကြလေသည်။ စိဉ္စမာဏ ဆိုသည်မှာ
မန်ကျည်းပင်၌ သန္ဓေတည်၍ မွေးဖွားလာသူဟု အဓိပ္ပါယ်ရသည်။ သူမသည် နတ်သမီးတမျှ လွန်စွာလှပတင့်တယ်သည်။
ကြည့်ချင်စဖွယ်လည်း ကောင်းသည်။ သို့သော် သူမသည် ဗုဒ္ဓ၀ါဒရှိသူမဟုတ်ပေ။ တိတ်္ထိတို့ကို
ကိုးကွယ်ဆည်းကပ်သော ပရိဗိုဇ်မတစ်ဦးဖြစ်သည်။
ဘုရားရှင်ပွင့်တော်မူလာပြီးနောက်တွင် ဘုရားရှင်၏
ဘုန်းတန်ခိုးတော်တို့ကြောင့် တိုင်းသူပြည်သားတို့သည် တိတ်္ထိတို့ထံ အသွားအလာနည်းပါးပြီး
ဘုရားရှင်ဆီသို့သာ ဆည်းကပ်ကိုးကွယ် ကြတော့သည်။ ထိုအခါ တိတ်္ထိတို့သည် လာဘ်လာဘ နည်းပါးလာခြင်းကြောင့်
ဘုရားရှင်ကို မနာလို ၀န်တိုမှုဖြစ်လေသည်။ ထို့ကြောင့် တိတ်္ထိတို့သည် ဘုရားရှင်၏ ဂုဏ်သတင်းများနိမ့်ကျအောင်
ဂုဏ်ကျေးဇူးမဲ့ဖြစ်အောင် တမင်အကွက်ဆင်ဖန်တီးကြလေသည်။ နောက်ဆုံးတွင် တိတ်္ထိတို့သည် စိဉ္စမာဏကို
ဘုရားရှင်၏ အကျိုးမဲ့ဖြစ်စေရေးအလုပ်တာဝန်ကို အပ်နှင်းလိုက်လေသည်။ စိဉ္စမာဏ သည်လည်း ထိုတာဝန်ကိုကြည်ဖြူစွာ
လက်ခံလိုက်လေသည်။
တာဝန်ကိုလက်ခံပြီးနောက် စိဉ္စမာဏသည် သာဝတ်္ထိပြည်သူပြည်သားတို့
တရားနာယူပြီး ဇေတ၀န်ကျောင်းတော်မှ ပြန်လာသောအခါ သူမသည် ပိုးဖလံအဆင်းနှင့်တူသော အ၀တ်ကို
ရုံလျက် ပန်းနံ့သာတို့ကို လက်ဖြင့်ကိုင်၍ ဇေတ၀န်ကျောင်းတော်သို့ သွားလေဟန်ဆောင်၏။ ပရိသတ်ထဲမှ
အချို့သူတို့က ““ဘယ်သွားမှာလဲ”” ဟုမေးသောအခါ အထင်လွဲစေနိုင်သော စကားတို့ ဖြင့် ဖြေကြားလေသည်။ ထို့နောက် ဇေတ၀န်ကျောင်းတော်သို့
သွားလေဟန်ဖြင့် တိတ်္ထိတို့၏ ကျောင်းသို့ ၀င်အိပ်လေ၏။ မနက်လင်း၍ တိတ်္ထိတို့ကျောင်းမှ
ပြန်လာသောအခါ ဘုရားဖူးလာ သူများက ““ဘယ်မှပြန်လာသလဲ””ဟု မေးလျှင်လည်း ယုံမှားစေနိုင်သော စကားတို့ဖြင့်
ပြန်လည် ဖြေကြားလေသည်။ ရက်အတော်အတန်ကြာလာသောအခါ တစ်ပါးသူတို့ကမေးလျှင် ““ဇေတ၀န်ကျောင်းတော်မှ
ရဟန်းဂေါတမနှင့် အတူအိပ်ပြီး ပြန်လာသည်””ဟု
လိမ်ညာ ပြောဆိုလေသည်။
ထို့နောက် စိဉ္စမာဏသည် ရှစ်လ ကိုးလကျော်လွန်သောအခါ
မိမိဝမ်းဗိုက်တွင် သစ်သား တို့ကို ကပ်ချည်လျှက် အထက်၌ အ၀တ်တို့ကိုခြုံထား၍လည်းကောင်း၊
လက်ဖမိုး ခြေဖမိုးတို့ကို နွားရိုးတို့ဖြင့် ထုနှက်စေပြီး အသားမို့မို့တက်အောင် ပြုလုပ်၍လည်းကောင်း
ကိုယ်ဝန်ရှိသယောင် ပြုလုပ်ပြီး ဘုရားရှင်၏ကျောင်းသို့ သွားလေသည်။ ဘုရားရှင်တရားဟောတော်မူစဉ်
ပရိသတ်အလယ်သို့ ၀င်သွားပြီး ““ရဟန်းကြီး... အကျွန်ုပ်သည် သင့်ကိုအကြောင်းပြု၍ ကိုယ်ဝန်
ရပြီးလျှင် ယခုအခါ ရင့်မာသောကိုယ်ဝန်ရှိခဲ့လေပြီ။ အကျွန်ုပ်အတွက် မွေးဖွားရာအိမ်၊ ထောပတ်
ဆီစသည်တို့ကို ပေးပါလော့။ ကိုယ်တိုင်ပြုလုပ်မပေးနိုင်လျှင် ကောသလမင်းကြီးကိုဖြစ်စေ၊
အနာထပိဏ်သူဋ္ဌေးကိုဖြစ်စေ၊ ၀ိသာခါကျောင်းအမကိုဖြစ်စေ တစ်ယောက်ယောက်သောသူကို ပြုစုစောင့်ရှောက်ခိုင်းသင့်၏။
မွေ့လျှော်ခြင်းကိစ်္စ တစ်ခုတည်းကိုသာသိ၏။ ကိုယ်ဝန်၏ အစောင့် အရှောက်ကိုမသိ”” စသည်ဖြင့် စွပ်စွဲပြောဆို၏။
ဘုရားရှင်သည် မတုန်မလှုပ်ဘဲ ““နှမ...သင်ဆိုသော
စကား၏အမှန်နှင့် အမှားကို ငါဘုရားနှင့် သင်သာအသိဆုံးဖြစ်သည်”” ဟုပြောဆိုလေသည်။ ထိုခဏ၌ သိကြားမင်း၏
ပဏ္ဍုကမ္ဗလာ ကျောက်ဖျာသည် ပူလောင်သောအခြင်းအရာကို ပြ၍ ဆင်ခြင်လတ်သော် စိဉ္စမာဏ၏ ဘုရားရှင်အပေါ်
မဟုတ်မမှန်သောစကားဖြင့် စွပ်စွဲနေသည်ကိုသိ၍ အဖြေမှန်ပေါ်စေရန် နတ်သားလေးပါးတို့ကို စေလွှတ်လိုက်သည်။
ထိုနတ်သားလေးပါးတို့သည် ကြွက်ငယ်ယောင်ဆောင်၍ ၀မ်းဗိုက်ရှိသစ်သားဝန်းတို့အား ဖွဲ့ချည်ထားအပ်သောကြိုးတို့ကို
တပြိုင်နက်တည်း ကိုတ်ဖြတ် ကြလေကုန်၏။ ထိုအခါ စိဉ္စမာဏ၏ လိမ်လည်စွပ်စွဲချက်တို့သည် အားလုံးပေါ်ကုန်လေ၏။
တရားနာပရိသတ်တို့သည်လည်း စိဉ္စမာဏကို ဇေတ၀န်ကျောင်းတော်မှ နှင်ထုတ်ကြလေသည်။ မြတ်စွာဘုရား
မမြင်လောက်ရာအရပ်သို့ ရောက်သောအခါ စိဉ္စမာဏသည် မြေမျို၍ အ၀ီစိငရဲသို့ ရောက်သွားလေသည်။
စိဉ္စမာဏနှင့်ပေါက္ခရသာတိတို့သည် သံသေဒဇသတ္တ၀ါချင်း
တူပါသော်လည်း အကျင့်စရိုက်နှင့် သွားရာလမ်းတို့ကား တစ်ခြားစီပင်ဖြစ်သည်။
No comments:
Post a Comment