တောင်တန်းတွေက
သစ္စာရှိသလောက်
လူတွေက
သစ္စာမရှိကြဘူး။
တောင်တန်းတွေက
ခင်မင်သလောက်
လူတွေက
မခင်မင်ကြဘူး။
တိုတောင်းလှတဲ့
လူ့ဘ၀သက်တမ်းမှာ
တာဝန်ကိုယ်စီတော့
ရှိသင့်တာပေါ့။
တာဝန်သိရင်
တာဝန်ရှိတယ်။
လူတိုင်းကို
ပျော်စေချင်တာ ဆန္ဒတစ်ခုပါ။
ဘာပဲဖြစ်ဖြစ်လေ
မျိုသိပ်စရာတွေကို
တောင်တန်းတွေ
သက်သေထားပြီးတော့
မျိုသိပ်ထားလိုက်ပါ့မယ်။
ကိုသာ.ထီလာမောင်
No comments:
Post a Comment