v အိမ်ထောင်မကျခင်က ဆိုကရေးတီးဟာ မိတ်ဆွေတွေနဲ့
အခန်းကျဉ်းတစ်ခုမှာ အတူနေခဲ့ကြ တယ်။ အခန်းကျဉ်းပေမယ့် ဆိုကရေးတီးက နေ့နေ့ညည သူ့ဘဝကို
ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းခဲ့တယ်။ မိတ်ဆွေတစ်ဦးက “ကိုယ်လှည့်စရာမရှိအောင်
ကျပ်ညှပ်တဲ့အခန်းကျဉ်းထဲမှာ ပျော်အောင် ဘယ်လိုနေသလဲ” လို့ မေးခဲ့တယ်။ “မိတ်ဆွေတွေနဲ့ အတူနေရတော့
အချိန်မရွေး အတွေးအခေါ်၊ ခံစားချက်တွေမျှဝေနိုင်တယ်။ ဒါဟာ ပျော်စရာကောင်းတဲ့အရာတွေပဲ
မဟုတ်လား” လို့
ဆိုကရေးတီးက ပြန်ဖြေတယ်။
v အဲဒီနောက် မိတ်ဆွေတွေ အသီးသီး အိမ်ထောင်ကျကုန်ပြီး
အိမ်ကထွက်သွားခဲ့ကြတယ်။ နောက်ဆုံး အခန်းကျဉ်းထဲမှာ ဆိုကရေးတီးတစ်ဦးပဲ ကျန်ခဲ့တယ်။ ဒါပေမယ့် နေ့ရက်တွေကို
သူပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့တယ်။
“တစ်ယောက်တည်း အထီးကျန်နေတာတောင်
ပျော်အောင်ဘယ်လိုနေသလဲ” လို့ အဲဒီမိတ်ဆွေက မေးတော့
“ကျွန်တော့်မှာ
စာအုပ်တွေအများကြီးရှိတယ်။ စာအုပ်တစ်အုပ်က ကျွန်တော့် အတွက် ဆရာတစ်ဦးပဲ။
ဒီလောက်ဆရာအများကြီးနဲ့ အတူနေရပြီး သူတို့ပြောဆိုသမျှ လိုက်မှတ်ရတာ
ပျော်စရာကောင်းပါတယ်” လို့ ဆိုကရေးတီးက ဖြေခဲ့တယ်။
v နှစ်အနည်းငယ်ကြာပြီးနောက် ဆိုကရေးတီးလည်း
အိမ်ထောင်ကျသွားခဲ့တယ်။ အိမ်ထောင်ကျပြီး အိမ်ကြီးတစ်အိမ်ထဲ
သူတို့ပြောင်းရွေ့ခဲ့ကြတယ်။ အိမ်ကြီးက (၇)ထပ်ရှိပြီး သူတို့ကအောက်ထပ်မှာနေကြတယ်။ အောက်ထပ်က
အညစ်ပတ်ဆုံး၊ အဆူဆုံး၊ မလုံခြုံဆုံးဖြစ်တဲ့အပြင် အပေါ်က အညစ်အကြေး၊ အမှိုက် စတာတွေ မကြာခဏ အပစ်ချခံရတယ်။
ဒါတောင်ပျော်ပျော်ရွှင်ရွှင်နေနိုင်တဲ့ ဆိုကရေးတီးကိုမြင်တော့ မိတ်ဆွေက
“ဒီလိုအခန်းမျိုးမှာတောင် ပျော်ရွှင်အောင်
ဘယ်လိုနေနိုင်သလဲ” လို့ မေးပြန်တယ်။ “အောက်ဆုံး ထပ်က အဆင်ပြေတယ်။
ဝင်လိုက်တာနဲ့ အိမ်ပဲ၊ ပစ္စည်းအတင်အချ လွယ်ကူတယ်။ မိတ်ဆွေတွေလာရင်လည်း ရှာရလွယ်တယ်။
တစ်ထပ်တစ်ထပ်သွားပြီး ရှာနေစရာမလိုတော့ဘူး။
ကျွန်တော်အနှစ်သက်ဆုံးက
အိမ်ရှေ့မြေလွတ်မှာ ပန်းတွေ၊ စားပင်တွေ စိုက်ရတာကိုပဲ.. အဲဒီလိုပျော်ရွှင်မှုက
ဘာနဲ့မှ နှိုင်းပြလို့ မရဘူးဗျာ”
v အိမ်အောက်ထပ်မှာ ဆိုကရေးတီးတို့ တစ်နှစ်ကြာနေပြီးနောက်
အိမ်အပေါ်ဆုံးထပ်(၇)ထပ်ကို ပြောင်းခဲ့ရတယ်။ အကြောင်းက အသစ်ပြောင်းလာတဲ့
သူ့မိတ်ဆွေမှာ သက်ကြီးရွယ်အိုတစ်ဦးပါပြီး
အပေါ်ထပ်ထိ တက်ဖို့၊ ဆင်းဖို့ အဆင်မပြေလို့ဖြစ်တယ်။ အပေါ်ဆုံးထပ် ပြောင်းခဲ့လည်း
နေ့ရက်တွေကို သူပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့ဖြစ်တယ်။ ဒါကို မိတ်ဆွေက ဘယ်လိုကြောင့်
ပျော်ရွှင်နိုင်သလဲလို့ မေးပြန်တယ်။
“အပေါ်ဆုံးထပ်ဆိုတော့ ကောင်းတာပေါ့။
လှေကားတက်တက်ဆင်းဆင်း ကျန်းမာရေးအတွက် ကောင်းတယ်။ အလင်းရောင်ကောင်းတော့
စာဖတ်တဲ့အခါ မျက်စိမထိတော့ဘူး။ နေ့နေ့ ညည တိတ်ဆိတ်နေတယ်။
ကိုယ့်ကိုနှောင့်ယှက်တဲ့လူ မရှိတော့ဘူးပေါ့”
v နောက်ဆုံး မိတ်ဆွေက ဆိုကရေးတီးရဲ့တပည့် ပလေတိုကိုတွေ့တော့
“မင်းရဲ့ဆရာ ဆိုကရေးတီးက သူနေတဲ့ပတ်ဝန်းကျင်၊ နေရာတွေက မကောင်းပေမယ့်
အမြဲပျော်ပျော်ရွှင်ရွှင်နေနိုင်တယ်နော်” လို့ ပြောတော့ ပလေတိုက “တကယ်တော့ လူတစ်ယောက်ရဲ့ ခံစားမှုအာရုံ(mood)ကို
အဆုံးအဖြတ်ပေးတာက ပတ်ဝန်းကျင်မဟုတ်ဘူး။ သူ့ရဲ့စိတ်ပဲဖြစ်တယ်” လို့
ပြောခဲ့တယ်။
No comments:
Post a Comment