အပြောင်းအလဲမြန်တဲ့ တို့တောင်တန်း
ချင်းတောင်တန်းရဲ့ ညနေ ၃ နာရီ....
နေအလင်းလဲ ပျောက်သွားပြီ။
တောင်တန်းတွေလဲ မှုန်သွားပြီ။
မိုးရော လေရော လာခဲ့ပြီ။
မြို့ကလေးလဲ မှောင်သွားပြီ။
ကျောင်းသားတွေလဲ ကျောင်းဆင်းပြီ။
ပုံမှန်ချိန်တွေ ကုန်သွားပြီ။
ညအမှောင်က လွှမ်းသွားပြီ။
အော်…နာရီလက်တံကတော့
၃ နာရီပဲ ရှိသေးပါတကား………
........................
ခဏနေပြန်တော့
နေအလင်းလဲ ပြန်လာပြီ။
တိမ်ခိုးတွေလဲ ပြေးသွားပြီ။
ရောင်နီတွေလဲ သမ်းနေပြီ။
မိုးဖွဲလေးများ ဆဲသွားပြီ။
လေပြင်းများလဲ ငြိမ်သွားပြီ။
မြို့မြင်ကွင်းလဲ ရှင်းသွားပြီ။
ပုံမှန်အတိုင်း ပြန်ရောက်ပြီ။
ချင်းတောင်တန်းက လှနေပြီ။
ကိုသာ. ထီလာမောင်
No comments:
Post a Comment