ရှေးမြန်မာ့ ရာဇ၀င်
သမိုင်းတွင်
ကျန်ရစ်တာက
မင်းကျန်စစ် သည်းနှစ်ချာ
သမီးကညာ ရွှေအိမ်သည် ။
နုနုနယ်
နန်းနွယ်သွေးမို့
လှသွေးယှက်နွယ် ။
ပရိက္ကရား
ကုလားကိုကွယ်
စိတ်မှားကာကြံရွှယ် ။
ဘာသာမတူ အနွယ်ခြားပေမို့
မနှောဝယ်
မကြည်ရွှင် ။
ခမည်းတော် မင်းကျန်စစ်
တားမြစ်ပိတ်ပင် ။
ခမည်းတော်
ဘ၀င်ကျ
ကြင်ယာဖက် ထိန်းမြားလျာ
ခြေတဖက်ဆာ စောယွန်းကိုတဲ့
ခွန်းတုံ့ပြန်
မငြင်းသာ
သမီးပျိုများ ထုံးနည်းနာ
စံပြုကာထားပေတော့လေး ။ ။
ဥာဏ်ဗလ
No comments:
Post a Comment